တော်လှန်ထောက်ကူ မွေးနေ့အလှူ အတွက်

ရန်ကုန်မှ ကရင်နီပြည်ထဲသို့ သွားရောက်နေထိုင်ကာ ကလေးတွေကို ဂရုစိုက်ပေးရင်း တော်လှန်ရေးလုပ်နေသော မသဉ္ဇာအေး ၏ တော်လှန်ထောက်ကူ မွေးနေ့အလှူမှာ ပါဝင်ချင်နေခဲ့ပါတယ်။
ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ မနေ့ကတော့ မသဉ္ဇာအေး ဆီ ဆက်သွယ်ပြီး MMK 20000 kyats လှူဖြစ်ခဲ့ပါတယ်။

တကယ်တော့ မွေးနေ့အလှူအဖြစ် မဲလက်မှတ် ရောင်းချခြင်း ဖြစ်ပါတယ်။
မဲလက်မှတ်တစ်စောင်ကို ၂၀၀၀၀ ကျပ်ပါ။
ကျွန်တော်က မဲ ရောင်းမှန်း အသေအချာ မသိပါဘူး။
ကံထူးသူကို ဘာတွေ ပေးမယ်ဆိုတာလည်း မသိပါဘူး။
သူမကိုလည်း မေးမကြည့်ဖြစ်ခဲ့ပါဘူး။
တော်လှန်ရေး မှာ ထဲထဲဝင်ဝင် လုပ်နေကြသူတွေကို မိမိတတ်နိုင်တာထဲက ထောက်ကူပေးခြင်းသာ ဖြစ်ပါတယ်။

မကြာခင် အောင်ပွဲရတော့မှာမို့ နိုင်သမျှကူပြီး ကြိုးစားရုန်းကြရအောင်လား။
ထောက်ပို့အားကောင်းမှ ရှေ့တန်းထွက်နေသူတွေ အင်အားရှိမှာလေ။
ရောင်နီကို မြင်နေရပြီပဲ။
ခြေလှမ်းညီညီ ချီတတ် ရယူကြပါစို့။



0
0
0.000
0 comments