ငြိမ်းချမ်း သာယာတဲ့ လူ့အဖွဲ့အစည်းဆီသို့

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

လွန်ခဲ့တဲ့လတွေတုံးက "စည်းကမ်းဆိုတာ အိမ်ကနေစတယ်"ဆိုတဲ့စကားလုံးအသုံးပြုပြီး စာရေးခဲ့ဖူးပါသေးတယ်။ "အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက"ဆိုတဲ့စကားထက် "စည်ကမ်းအစ အိမ်က"ဆိုတဲ့စကားကို ပိုပြီးလက်ခံတယ်။ အဲဒါလည်း ထည့်ရေးခဲ့ဖူးပါတယ်။ လူတွေစည်းကရှိဖို့အတွက် လက်ဦးဆရာဖြစ်တဲ့ အမိ အဖ က အိမ်မှာ သင်ကြားပေးခဲ့ရင် ကျောင်းတက်တဲ့အရွယ်မှာ ထူးပြီးသင်နေစရာမလိုတော့ဘူး။ စည်းကမ်းကို သိနားနေပါပြီ။



ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်လို့ဆိုခဲ့ရင် စည်းကမ်းဆိုတာကို မေ့ထားလို့မဖြစ်ပါဘူး။ အသက်ကြီးလာတဲ့အချိန်မှာ စည်းကမ်းမဲ့နေတာက အများအားဖြင့် ငယ်ငယ်ကတည်းက စည်းကမ်းမဲ့ခဲ့လို့ပဲဖြစ်ပါတယ်။ စည်းကမ်းနဲ့အသားကျနေတဲ့လူတစ်ယောက်က စည်းကမ်းမဲ့ဖို့ လက်တွန့်နေတတ်ပေမယ့် စည်းကမ်းမဲ့နေလာသူတွေကတော့ စည်းကမ်းဆိုတာကြီးကို မုန်းတီးနေတတ်ကြတယ်။ စည်းကမ်းတကျနေဖို့လည်း စိတ်တောင်မကူးတတ်ကြဘူး။



လူတွေရဲ့ ဓလေ့စရိုက်တွေ အမျိုးမျိုးဘာ့ကြောင့် ကွဲပြားနေကြရသလဲ? ငယ်စဉ်ဘဝဖြတ်သန်းလာကြရတဲ့ လူနေမှုပုံစံ ပတ်ဝန်းကျင်နဲ့ ပြုစုပျိုးထောင်တဲ့ပုံစံတွေ ကွဲပြားခဲ့ကြလို့ပဲလို့ အဖြေထွက်ပါတယ်။ ကလေးဘဝမှာကတည်းက ပြုစုပျိုးထောင်ပေးတဲ့ ပုံစံနည်းစနစ်တွေက လူ့အဖွဲ့အစည်းတစ်ခုအလုံးအပေါ်ကို တိုက်ရိုက်သက်ရောက်ပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအပေါ် ပြင်းပြင်းထန်ထန်သက်ရောက်လေ့ရှိပါတယ်။ ‌လူမှုအသိုင်းအဝိုင်းကြီးတစ်ခုလုံးအပေါ်ကို ပြင်းပြင်းထန်ထန်သက်ရောက်ပါတယ်။



ငယ်စဉ်ကလေးဘဝမှာကတည်းက မှန်ကန်တဲ့အတွေးအခေါ် ယုံကြည်မှုတွေ သိနားလည်အောင် ဆုံးမသွနါသင်နိုင်မှ လူ့အသိုင်းအဝိုင်းက ကောင်းမွန်နိုင်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဆိုရင် အများအားဖြင့် ကလေးတွေကို ဘုရားသွားကျောင်းတက်တဲ့အလေ့အကျင့်ဖြစ်အောင် လုပ်ပေးတတ်ကြပါတယ်။ ဘုရားသွားကျောင်းတက်အဆင့်ထက် ဘာသာတရားကို မှန်မှန်ကန်ကန် ယုံကြည်သက်ဝင်စေဖို့ သင်ကြားပေးသင့်ပါတယ်။ ကလေးဘဝမှာကတည်းက သူတို့ရဲ့ နှလုံးသားထဲမှာ မှန်ကန်တဲ့ တရားတွေ နားလည်လာရင် လူ့အဖွဲ့အစည်းကြီး ကောင်းမွန်ပါလိမ့်မယ်။



ကလေးတိုင်းက ပညာရဲ့တန်ဖိုး ဗဟုသုတရဲ့တန်ဖိုးကို နားလည်မနကြမယ်ဆိုရင် လူအချင်းချင်း ကိုယ်ချင်းစာတတ်တဲ့စိတ်ဆိုတာတွေ မတော်လောဘဆိုတာတွေ ယိုင်းပင်းကူညီမှု‌ဆိုတာတွေကို သေသေချာချာ သိနားလည်ခဲ့ရင် အရွယ်ရောက်လာတဲ့အခါ ကိုယ့်ရေမြေ ကိုယ့်ပတ်ဝန်းကျင်ကို ‌အလေးထားတတ်လာမယ်။ လူအချင်းချင်း စော်ကား နှိမ့်ချပြီး နှိပ်စက်တတ်တဲ့စိတ်တွေ ကင်းဝေးမယ်။ မတော်လောဘနဲ့ စီးပွားရှာတဲ့စိတ်တွေ ပပျောက်‌သွားမယ်။ ပညာ နဲ့ ဗဟုသုတတွေနဲ့ ပြည့်စုံအောင် ကြိုးစားကြမယ်။ ဒီလိုစိတ်ဓာတ်ရှိတဲ့လူ့အသိုင်းအဝိုင်းကို စဉ်းစားကြည့်နိုင်ပါတယ်။



အဲဒီလိုစိတ်တွေနဲ့ ကင်းပြီးတော့ ကြီးပြင်းလာကြတဲ့သူတွေဖြစ်လာခဲ့ရင်တော့ အလွန်ဆိုးရွားတဲ့အသိုင်းအဝိုင်းဖြစ်စေမှာပါ။ စည်းကမ်းမဲ့နေကြမယ်။ စည်းကမ်းဆိုတာကနေ ယဉ်ကျေးမှုဖြစ်လာရတယ်။ စည်းကမ်းမဲ့ရင် ယဉ်ကျေးမှုမရှိတော့ဘူး။ လူမှုရေးနားမလည်ကြတော့ဘူး။ အဲဒီလို လူမျိုးတွေ ဘာဖြစ်မှာလဲဆိုရင် သူတို့ကတော့ ဘာဖြစ်မှာမဟုတ်ဘူး။ သူတို့နဲ့ဆက်ဆံရတဲ့လူတွေသာ ထိခိုက်မှုတွေ စိတ်ဆင်းရဲမှုတွေနဲ့နေထိုင်ကြရမှာပဲ။ သူတို့ကိုယ်တိုင်က ရွံရှာကြောက်ရွံစရာအရိပ်မည်းကြီးကပ်ပါနေပါလိမ့်မယ်။ ကလေးဘဝက အရေးကြီးတဲ့အတွက် ကလေးဘဝမှာကတည်းက သွန်သင် ဆုံးမပေးကြသင့်ပါကြောင်း အကြံပြုရေးသားလိုက်ပါတယ်။


သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။


အားလုံးကို လေးစားလျှက် -


@ansoe




0
0
0.000
3 comments
avatar

!DHEDGE

0
0
0.000
avatar

you have 0.0 vote calls available today, your vote calls will reset at next snapshot. You can buy DHEDGE on Tribaldex or earn some daily by joining one of our many delegation pools at app.dhedge.cc to increase your daily amount.

0
0
0.000