ငွေကြေးတန်ဖိုးအမြင့်ဆုံး

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

ဒီနေ့တော့ ကမ္ဘာအရပ်ရပ်က ငွေကြေးတန်ဖိုးတွေကို အနည်းငယ် ဖတ်ဖူးသလောက်လေး ဗဟုသုတအနေနဲ့ မျှဝေချင်ပါတယ်။ ကျွန်တော်သိတဲ့ငွေကြေးတွေက ဒေါ်လာ၊ ယူရို၊ ပေါင်၊ ယန်း၊ ယွမ်၊ ဝမ်၊ ရူပီး၊ ဘတ် ဆိုတာတွေလောက်ပဲရှိခဲ့တာပါ။ ဒါတောင်သူတို့ရဲ့ ငွေကြေးပေါက်ဈေးတန်ဖိုးတွေ ဒေါ်လာကလွဲပြီး ကျန်တာတွေ မသိဘူး။ ဒေါ်လာတောင်မှ သေချာသိတာမဟုတ်ဘူး 😁 သိအောင်လည်း မကြိုးစားခဲ့ဘူးလေ။ တကယ်တော့ ဒေါ်လာဆိုတာက ကမ္ဘာမှာ နံပါတ် (၁)ငွေကြေးမဟုတ်ပဲ နံပါတ် (၁၀)အဆင့်ပဲရှိတာကို သိရပါတယ်။ ကျုပ်အတွက်တော့ အံ့ဩစရာတစ်ခုပါ။




ပိုသိချင်ရင်တော့ ဒီကိုနှိပ်ပြီးဖတ်ကြည့်ကြပါ


ငွေကြေးတန်ဖိုးအနေနဲ့ နံပါတ်(၁၀)အဆင့်ပဲရှိတဲ့ ဒေါ်လာက ဘာ့ကြောင့်များ ကမ္ဘာမှာအသုံးပြုတဲ့ စံဖြစ်နေသလဲလို့လည်း စဉ်းစားဖို့ ဉာဏ်မမှီဘူးဗျို့။ ဘာ့ကြောင့်ဖြစ်နိုင်သလဲဆိုတာ သိသူတွေဖြေပေးကြပါအုံး။ အဆင့် (၁၀)ထဲမှာတော့ရောက်နေတာပဲသိတယ်။ ကျန်တာတော့မသိဘူး 😁 ငွေကြေးတန်ဖိုး အမြင့်ဆုံးက မြန်မာနိုင်ငံလိုပဲ နိုင်ငံငယ်လေးဖြစ်ပေမယ့် အင်မတန်ချမ်းသာတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျုပ်တို့နိုင်ငံရဲ့ငွေကြေးနဲ့တော့ အဆ (၆၇၈၀)လောက်ပဲ ကွာတာပါ။ အားမလျော့ကြနဲ့။ ဖိုက်တင်း ဖိုက်တင်း 😁



ဖတ်ချင်ရင်


အဲဒီနိုင်ငံကတော့ ကူဝိတ်နိင်ငံ(Kuwait Country)ဖြစ်ပါတယ်။ အဓိက ရေနံနဲ့ချမ်းသာ‌တဲ့နိုင်ငံဖြစ်ပြီးတော့ အသုံးပြုတဲ့ငွေကြေးက ကူဝိတ်ဒီနာ(Kuwaiti Dinar)ဖြစ်ပါတယ်။ အတိုကောက်အက KWD လို့သုံးပါတယ်။

KWD က ကမ္ဘာငွေကြေးတန်ဖိုးအမြင့်ဆုံးထဲမှာ နံပါတ်(၁) ဖြစ်ပါတယ်။ 1KWD ရဲ့တန်ဖိုးက ယခုစာရေးနေတဲ့အချိန်မှာ မြန်မာငွေ ၆၇၇၉.၇၆ ကျပ်ပေါက်ဈေးရှိပြီးတော့ အမေရိကန်ဒေါ်လာ ၃.၂၃ နဲ့ညီမျှနေပါတယ်။





နိုင်ငံငယ်ပေမယ့် အဆင့်အတန်းက မငယ်သလို ဆင်းရဲမွဲတေနေတဲ့ နိုင်ငံမဟုတ်တာကို သိရမှာပါ။ ငွေကြေးတန်ဖိုးကလည်းမြင့်မားတာကိုသိရတော့ အားကျမိသေးတယ်။ ဒေါ်လာကိုပဲ အဟုတ်မှတ်နေတဲ့ကျုပ်အတွက် ဗဟုသုတတွေအများကြီးတိုးသွားရတယ်။ ခုမှပေါ်လာတဲ့ နိုင်ငံမဟုတ်သလို ခုမှပေါ်လာတဲ့ ငွေကြေးတန်ဖိုးလည်းမဟုတ်ပဲ အရင်ကတည်းကရှိနေခဲ့တာ ခုမှကျုပ်အတွက် အထူးအဆန်းဖြစ်နေမိတာက ကျုပ်ညံ့လို့ပဲ။ ရှိနေပေမယ့် မသိရင်တော့ အထူးအဆန်းပဲမဟုတ်လား။ ကျန်တဲ့တန်ဖိုးမြင့်ငွေကြေးတွေအကြောင်းကိုတော့ စိတ်ဝင်စားတယ်ဆိုရင် ဆက်လက် ရှာ‌ဖွေ ဖတ်ရှုကြပါ‌လို့။ စာတွေအများကြီးမရေးနိုင်တော့လို့ နံပါတ်(၁)ပဲရေးလိုက်ရပါတယ်။


အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
9 comments
avatar

!hiqvote

!hivebits

0
0
0.000
avatar

Success! You mined 1.0 HBIT on Wusang: Isle of Blaq. Sorry, but you didn't find a bonus treasure token today. Try again tomorrow...they're out there! You can see your random number generated in the Discord server, #hbit-wusang-log channel. | tools | wallet | discord | community | daily <><

Check for bonus treasure tokens by entering your username at an H-E explorer or take a look at your wallet.
Read about Hivebits (HBIT) or read the story of Wusang: Isle of Blaq.

0
0
0.000
avatar

1 USD ကို ၂၁၀၀ ကျပ်နှင့် တွက်တာလား။
၂၁၀၀ နဲ့ရရင် လိုချင်လို့ပါ။
!lolz
!meme

0
0
0.000
avatar

ဟမ်- ဘယ်နားမှာ ဒေါ်လာတန်ဖိုးတွက်ထားမိလို့လဲ?🙄

0
0
0.000