My Entry For Amazing Nature Contest: Free Topic #4/10/23

Hello friends, have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးဖြစ်ကြပါစေ။

Every human being is running and struggling for daily sustenance. So they are always facing stress. When you're feeling stressed, take a walk in a park, forest, or a place where you can get fresh air. Relax and enjoy the natural world full of wonders. You will actually feel the replenishment of depleted energy. What this is like is recharging a battery.

လူသားတိုင်း နေ့စဉ် စားဝတ်နေရေးအတွက် အပြေးအလွှား လြှပ်ရှားရုန်းကန်နေကြရတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေအမြဲတမ်းကြုံတွေ့နေကြရပါတယ်။ အဲဒီလို စိတ်ဖိစီးမှုတွေခံစားနေကြရတဲ့အခါ ပန်းခြံလိုနေရာမျိုးတွေ သစ်တောအုပ်လိုနေရာမျိုးတွေ သန့်ရှင်းလတ်ဆတ်တဲ့ လေရရှိနိုင်မယ့်နေရာတွေကို လမ်းလျှောက်လို့ပဲဖြစ်ဖြစ် ခဏလောက် အချိန်ပေးပြီး စိတ်ကိုအနားပေးကြည့်ပါ။ အံ့ဩစရာတွေနဲ့ ပြည့်နေတဲ့ သဘာဝလောကကြီးကို ကြည့်ရှုခံစားရင်း စိတ်အပန်းဖြေလိုက်ပါ။ ကုန်ခမ်းသွားတဲ့အားအင်တွေ ပြန်လည်ပြည့်ဖြိုးလာတာကို လက်တွေ့ခံစားရပါလိမ့်မယ်။ ဒါကဘာနဲ့တူသလဲဆိုရင် ဘက်ထရီကို အားပြန်သွင်းသလိုပေါ့။

=================================





=================================

You will be amazed at how the natural world, full of wonders, can really give us fresh energy. Nature will add not only energy, but also new thoughts and ideas. Nature is also an expert who can easily cure stress without paying any financial cost.

အံ့ဩစရာတွေနဲ့ ပြည့်နေတဲ့ သဘာဝလောကကြီး ကျွန်တော်တို့တွေကို လန်းဆန်းတက်ကြွတဲ့ အားအင်တွေကို အမှန်တကယ်ပေးစွမ်းနိုင်တာကို အံ့ဩဖွယ်ရာ တွေ့ကြုံရပါလိမ့်မယ်။ အားအင်တွေကိုသာမက ဆန်းသစ်တဲ့အတွေးအမြင်တွေ စိတ်ကူးသစ်တွေကိုပါ သဘာဝတရားကြီးက ထည့်သွင်းပေးပါလိမ့်မယ်။ သဘာဝတရားကြီးက ငွေကြေး အဖိုးအခ ဘာမှမပေးရပဲ စိတ်ဖိစီးမှုတွေကို အလွယ်တကူ ကုစားပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဆင်းရဲ ချမ်းသာ မရွေး လူမျိုးမရွေး ဘာသာမရွေး ကုစားပေးပါလိမ့်မယ်။

=================================







=================================

So I took pictures of all the natural things I found there, such as flowers, trees, lakes, waterfalls, animals, clouds, and mountains. I often take a walk and enjoy the beauty of nature and relax.

ဒါကြောင့် ကျွန်တော်က ရောက်တဲ့နေရာမှာ တွေ့ရတဲ့ သဘာဝပန်းတွေ သစ်ပင်တွေ ရေကန် ရေတံခွန်တွေ တိရစ္ဆာန်တွေ မိုးတိမ်တွေ တောင်တန်းတွေ စတဲ့ သဘာဝအတိုင်းရှိနေတဲ့အရာအားလုံးကို ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ မကြာခဏလည်း လမ်းလျောက်ရင်းနဲ့ သဘာဝတရားရဲ့အလှတွေကို ကြည့်ရှုခံစားရင်းနဲ့ စိတ်အပန်းဖြေတတ်ပါတယ်။

================================







Friends, enjoy the environment to relieve stress now. Look up at the beautiful clouds in the sky. Appreciate the beauty of flowers. Enjoy the sound of the birds singing peacefully and welcome the gentle breeze of nature. Stress will be reduced. Energy and new ideas will be added.

မိတ်ဆွေတို့အနေနဲ့ အခုပဲ စိတ်ဖိစီးမှုတွေကို ပြေပျောက်နိုင်စေဖို့ သဘာဝပတ်ဝန်းကျင်ကို ခံစားကြည့်လိုက်ပါ။ ကောင်းကင်ပေါ်က လှပတဲ့ တိမ်တွေကိုမော့ကြည့်လိုက်ပါ။ ပန်းလေးတွေရဲ့ လှပမှုကို အသိအမှတ်ပြုခံစားကြည့်လိုက်ပါ။ သာယာစွာ သီကျူးနေတဲ့ငှက်တွေရဲ့‌ တေးသံကို မျက်စိမှိတ်ခံစားရင်း ညှင်သာစွာ တိုးဝင်လာတဲ့ သဘာဝလေကို ရင်ဖွင့်ကြိုဆိုလိုက်ပါ။ စိတ်ဖိစီးမှုတွေလျော့ကြသွားပါလိမ့်မယ်။ အားအင်တွေ အတွေးအမြင်သစ်တွေ တိုးဝင်လာပါလိမ့်မယ်။

===============================







===============================

Now all the photos are the ones I have seen and taken. There are flowers, trees, birds, animals, clouds, and mountains. Nature always takes care of us like parents and teachers. That's why I think we should take care of nature.

အခုဓာတ်ပုံတွေအားလုံးက မြင်‌ တွေ့ရသမျှ ရိုက်ယူထားခဲ့တဲ့ပုံတွေဖြစ်ပါတယ်။ ပန်းတွေ သစ်ပင်တွေ ငှက်တွေ တိရစ္ဆာန်တွေ မိုးတိမ်တွေ တောင်တန်းတွေ အစုံပါနေပါတယ်။ သဘာဝတရားက ကျွန်တော်တို့ကို မိဘလို ဆရာလို အမြဲစောင့်ရှောက်ပေးပါတယ်။ ဒါကြောင့် သဘာဝတရားတွေကိုလည်း ကျွန်တော်တို့က ပြန်လည်စောင့်ရှောက်သင့်တယ်လို့ထင်ပါတယ်။


May they preserve the environment so that they can enjoy it happily.

သဘာဝပတ်ဝန်းကျင်ကို ပျေင်ရွှင်စွာခံစားနိုင်ဖို့အတွက် ထိန်းသိမ်းနိုင်ကြပါစေ။


With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
13 comments