My Entry For Amazing Nature Contest: Free Topic #3/10/23

avatar
(Edited)

Greetings to all my friends..... Have a nice day.

The natural world refers to the non-human-made things that encompass everything, including all naturally occurring living and non-living things. What I understand is that nature is something that has not been created by humans.



သဘာဝလောကဆိုတာ သဘာဝအတိုင်းဖြစ်ပေါ်နေသည့် သက်ရှိများနှင့် သက်ရှိ-မဟုတ်သည်များ အားလုံးအပါအဝင် အရာခပ်သိမ်းအပေါ် လွှမ်းခြုံထားသည့် လူသားများ ဖန်တီးပြုလုပ်ထားခြင်း-မဟုတ်သော အရာများကို ခေါ်ဆိုခြင်းဖြစ်သည်။ ကျွန်တော်နားလည်တာကတော့ သဘာဝတရားဆိုတာက လူတွေက ပြုလုပ်ဖန်တီးချက်တွေမပါသေးတဲ့အရာတွေလို့ နားလည်ပါတယ်။


Beautiful Flowers From Nature



I'm not sure about the flowers that I posted now. I saw it blooming in the reed forest and took a photo because it was beautiful. I don't know the name of the flower and I don't know the plant either. I also think that these flowers exist naturally.






အခုတင်ပေးတဲ့ပန်းလေးတွေကို ကျွန်တော်သေချာမသိပါဘူး။ ကျူတောထဲမှာပွင့်နေတာမြင်ပြီး လှလို့ ဓာတ်ပုံရိုက်ယူခဲ့တာပဲဖြစ်ပါတယ်။ ပန်းရဲ့နာမည်လည်းမသိသလို အပင်ကိုလည်းမသိပါဘူး။ ဒီပန်းလေးတွေဟာ သဘာဝအတိုင်းပဲရှိ‌နေတယ်လို့လည်း ယူဆမိပါတယ်။



I think these flowers are lovely flowers from a wonderful nature. Therefore, I made a decision to enter the competition. The flowers have a five-pointed star shape and are a type of vine. The leaves are small and elongated. These flowers were found last year. This year, there are not many plants.








ဒီပန်းလေးတွေကလည်း အံ့ဩစရာသဘာဝတရားကြီးထဲက ချစ်စရာကောင်းတဲ့ ပန်းလေးတွေလို့ယူဆမိပါတယ်။ ဒါ့ကြောင့်လည်း ပြိုင်ပွဲဝင်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ပန်းပွင့်တွေက ငါးထောင့်ကြယ်ပုံသဏ္ဍာန်ရှိပြီးတော့ နွယ်ပင်အမျိုးအစားဖြစ်ပါတယ်။ အရွက်က သေးငယ်ပြီးရှည်မျောမျောပုံသဏ္ဍာန်ရှိပါတယ်။ ဒီပန်းတွေကို ပြီးခဲ့တဲ့နှစ်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အပင်အများကြီးမတွေ့ရတော့ပါဘူး။



If anyone knows the name of this flower, please let me know. I am also worried about whether these plants will be there next year. I'm also worried that things will disappear without people's creation and modification. I have never seen this flower, but I think there are people who have seen it. If you know how to reproduce, please guide me.



ဒီပန်းရဲ့အမည်ကို သိတဲ့သူတွေရှိရင် ပြောပြပေးကြပါလို့လည်း တောင်းဆိုချင်ပါတယ်။ နောက်နှစ်တွေမှာ ဒီပန်းပင်တွေရှိနိုင်ပါအုံးမလားလို့လည်း စိတ်ပူမိပါတယ်။ လူတွေရဲ့ ဖန်တီးပြုပြင်မှုတွေမပါတဲ့ အရာတွေ ပျောက်ကွယ်သွားမှာကိုလည်း စိုးရိမ်မိပါတယ်။ ဒီပန်းပင်ကို ကျွန်တော်က မမြင်ဖူးပေမယ့် မြင်ဖူးကြသူတွေလည်းရှိမယ်ထင်ပါတယ်။ ဘယ်လိုနည်းမျိုးနဲ့ မျိုးပွားယူနိုင်မလဲဆိုတာကိုသိရင် လမ်းညွှန်ပေးကြပါအုံး။


May you be satisfied with this post.

ဒီပို့စ်ကို ကျေနပ်နိုင်ကြပါစေ။


With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
11 comments
avatar

!hiqvote

!hivebits

0
0
0.000
avatar

Those are pretty shot, love the green grass, those flowers and everything. They look so pleasing to the eyes and it is surely one mood booster, watching them closely like this. Nature is really cool.

0
0
0.000
avatar

Nature is truly beautiful, peaceful, and delightful. Thank you.

0
0
0.000