Death Of An Ant

Hello everyone, have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

Yesterday I accidentally saw a dead ant. Death is related to every creature. All living beings are born. They have to struggle to survive. In the end, they always die. This is a natural truth that no one can deny. I saw this scene while I was photographing the ants.

မနေ့က အမှတ်တမဲ့ မြင်ခဲ့ရတာက ပရွက်ဆိတ်တစ်ကောင်သေဆုံးနေတာပဲဖြစ်ပါတယ်။ သေခြင်းဆိုတာက သတ္တဝါတိုင်းနဲ့ သက်ဆိုင်နေပါတယ်။ သက်ရှိသတ္တဝါမှန်သမျှက မွေးဖွားလာတယ်။ အသက်ရှင်သန်နေထိုင်ဖို့အတွက် ရုန်းကန်လှုပ်ရှားကြရတယ်။ နောက်ဆုံးမှာတော့ သေဆုံးသွားကြရစမြဲပဲ။ ဒါဟာ ဘယ်သူမှ ငြင်းလို့မရတဲ့ သဘာဝအမှန်တရားပဲဖြစ်ပါတယ်။ ဒီမြင်ကွင်းကိုမြင်ရတာက ပရွက်ဆိတ်‌တွေကို ဓာတ်ပုံရိုက်ရင်းနဲ့ မြင်ခဲ့ရခြင်းဖြစ်ပါတယ်။





Death is not a strange thing, but it is strange that animals, ants, come to see a dead ant. For some reason, they come to see the dead ant, I think it's like comforting the bereaved families when people die. I don't know if ants have a family. But I don't know if there is a spirit of unity and sympathy to help each other.

သေဆုံးခြင်းဆိုတာက ထူးဆန်းတဲ့အရာ မဟုတ်ပေမယ့် တိရစ္ဆာန်ဖြစ်တဲ့ ပရွက်ဆိတ်တွေက သေနေတဲ့ ပရွက်ဆိတ်ကို လာကြည့်ကြတာက ထူးဆန်းတာပါ။ အကြောင်းတစ်ခုခုကြောင့် သေသွားတဲ့ ပရွက်ဆိတ်ကို လာကြည့်ကြတာက လူတွေသေတဲ့အခါ ကျန်ရစ်တဲ့ မိသားစုတွေကို ‌နှစ်သိမ့်စကားပြောပေးသလိုပဲလို့ ထင်မိပါတယ်။ ပရွက်ဆိတ်တွေမှာတော့ မိသားစုဆိုတာ ရှိ မရှိမသိဘူး။ ဒါပေမယ့် အချင်းချင်း ကူညီတဲ့စိတ် စည်းလုံးတဲ့စိတ် နဲ့ စာနာတဲ့စိတ်တွေတော့ ရှိနေလေသလားမသိပါ။










I don't think the less intelligent ants would kill each other. Highly intelligent humen are killing each other. Why is it? Because of greed? Out of anger? Is it because of ignorance? Is it because of pride? I think it's because of all that.

အသိဉာဏ်နည်းပါးတဲ့ ပရွက်ဆိတ်တွေက သူတို့အချင်းချင်း သေအောင် ပြုလုပ်ကြလိမ့်မယ်မထင်ဘူး။ အသိဉာဏ်မြင့်မားတဲ့လူတွေကတော့ အချင်းချင်းသတ်ဖြတ်နေကြတယ်။ ဒါဟာ ဘာကြောင့်လဲ? လောဘကြောင့်လား? ဒေါသကြောင့်လား? မောဟကြောင့်လား? မာန်မာနကြောင့်လား? အဲဒါတွေအားလုံးကြောင့်လို့ထင်တာပဲ။





I pray for the peace of the human world.

လူ့လောကကြီး ငြိမ်းချမ်းသာယာပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။


With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
7 comments
avatar

!hiqvote

!hivebits

0
0
0.000
avatar

@ansoe, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @ansoe gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000
avatar

လူတွေလောက် မဆိုးပေမယ့် သူတို့လည်း တိုက်ခိုက်တတ်ကြပါတယ်
!lolz
!meme

0
0
0.000